Thursday, November 24, 2016

thumbnail

သင်္ဃန်းကျွန်းမြို့နယ်တွင် ခါးပိုက်နှိုက်(၁)ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်မှု၊
ခိုးမှု၊ လုယက်မှုများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ၁၇.၁၁.၂၀၁၆ ရက်နေ့
က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ သံသုမာလမ်းမကြီးနှင့် ကျောင်းလမ်း
ကားမှတ်တိုင်တွင် သတင်းစုံစမ်းဆောင်ရွက်နေ့စဉ် ၁၆၅၀ အချိန်၌ မှတ်တိုင်
သို့ဆိုက်ရောက်လာသော ယာဉ်လိုင်းအမှတ်(၃၈)မီနီဘတ် ခရီးသည်တင်
မော်တော်ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်မှုများကျူးလွန်ထားကြောင်း
မသင်္ကာသတင်းရရှိထားသူ ဗိုလ်တထောင်မြို့နယ်နေ စာကလေး(ခ)ဘိုဘို
(ခ)မောင်မောင်ချစ်အားတွေ့ရှိသဖြင့် ထိန်းသိမ်း၍ ရှာဖွေစစ်ဆေးစဉ်
၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ SAMSUNG လက်ကိုင်ဖုန်း
၁ လုံးအားတွေ့ရှိသဖြင့် ဖုန်းနှင့်ပတ်သက်၍စစ်မေးခဲ့ရာ ယာဉ်ပေါ်ပါ
အသက် ၂၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ
နှိုက်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၉၇၀/၂၀၁၆၊
ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ စာကလေး(ခ)ဘိုဘို(ခ)မောင်မောင်ချစ်သည် ၁၀.၁၁.၂၀၁၆
ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နကားမှတ်တိုင်အနီးအရောက်
၎င်းစီးလာသည့် ယာဉ်လိုင်အမှတ်(၃၉)ခရီးသည်တင်ယာဉ်ပေါ်ပါ
အသက် ၂၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ
SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် Vivo အမျိုးအစား
လက်ကိုင်ဖုန်း ၁ လုံးတို့အား နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
၎င်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၁၂၀၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ
၃၇၉(နှိုက်)/၅၄ဖြင့် ထပ်မံအမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။

Yangon Police

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.