Friday, November 25, 2016

thumbnail

သက်ငယ်မုဒိမ်းမှုစစ်ဆေးသည်ကို လာရောက်နားထောင်သည့် လုထုပရိသတ်အား တရားသူကြီးမှ "အလုပ်အကိုင် မရှိကြဘူးလား" ဟု မေးခွန်းထုတ်

မြဝတီမြို့တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ကျောင်းသူလေးတစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သတ်၍ နိုဝင်ဘာလ ၂၃ ရက်တွင် တတိယရုံးချိန်းအဖြစ် မြဝတီတရားရုံး၌ သက်သေများအား စစ်ဆေးမေးမြန်းရာ ဒေသခံပြည်သူ ၅၀ ဝန်းကျင်ခန့်က တရားရုံးသို့ သွားရောက်နားထောင်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများက ယင်းသို့စစ်ဆေးမေးမြန်းမှုများကို နားထောင်လိုသော်လည်း ဒုခရိုင်တရားသူကြီး ဦးသန်းထွေးက ပွင့်လင်းမြင်သာမှုမရှိဘဲ တခါးပိတ်စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည့်အပြင် စိတ်ဝင်တစားလာရောက်နားထောင်သည့် ပြည်သူများအား "ခင်များတို့ အလုပ်အကိုင် မရှိကြဘူးထင်တယ်" ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Source: Loacl News

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.