Tuesday, November 22, 2016

thumbnail

မြန်မာ-တရုတ်နယ်စပ်ဒေသတိုက်ပွဲများအပြီး မြန်မာဒုက္ခသည် ၃၀၀ ၀ ကျော်ကို စောင့်ရှောက်ထားရဟု တရုတ်ဘက်က ဆို

ပေကျင်း ၊ နိုဝင်ဘာ ၂၂ 

နယ်စပ်တစ်လျှောက် မြန်မာအစိုးရနှင့်သူပုန်များအကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအပြီး လူ၃၀၀၀ ကျော်ကိုစောင့်ရှောက်ထားရကြောင်း ၊တရုတ်ပိုင်နက် အတွင်းသို့အမြောက်ဆံများ ကျရောက်ခဲ့သော်လည်း အနည်းငယ်သာထိခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုမရှိဘူးလို့ တရုတ်အစိုးရပိုင်မီဒီယာများက အင်္ဂါနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ဟာ မြန်မာပြည်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပါတယ်။ 

ဒါဟာ မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးရယူလိုတဲ့ ရည်ရွယ်ချက်ကြီးကို ထိုးနှက်ချက်တစ်ခုလိုဖြစ်သွား စေပါတယ်။

တရုတ်က သူ့ရဲ့နယ်စပ်တစ်လျှောက်မှာ ရှိတဲ့တရုတ်တပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားပြီး မြန်မာအစိုးရနဲ့ သူပုန်နှစ်ဖက်စလုံးကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြ ဖို့မေတ္တာရပ်ခံ ထားတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာက ဒုက္ခသည် ၃၀၀၀ ထဲမှ ဒဏ်ရာရသူများကို ယူနန်ပြည်နယ်အနောက်တောင်ပိုင်းဆေးရုံသို့ခေါ်ဆောင်ကုသပေးထားကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှပြောရေးဆိုခွင့်ရှိသူ ဖန်းရွယ်စုန့်က တရုတ်အာဏာပိုင်များက လျင်လျင်မြန်မြန်တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး ၊ အချိန်နဲ့တပြေးညီ ကိုင်တွယ်ဖြေရှင်းသွား မယ်လို့ဆိုပါတယ်။ ။

Ref; Thomas

MCNews

Reuters

Subscribe by Email

Follow Updates Articles from This Blog via Email

No Comments

About

Powered by Blogger.