ဘရာဇီးဘောလုံးအသင်း တင်ဆောင်လာတဲ့ လေယာဉ် မက်ဒီလင်းအရပ်မှာ ပျက်ကျပြီးနောက် ကိုလံဘီယာရှိ La Ceja မှ ရောက်ရှိလာတဲ့ ဘရာဇီးကလပ် ဘောလုံးသမား အလန် ရုရှယ် ကို San Juan de Dios ရှိ ဆေးရုံဝန်ထမ်းများက သယ်ဆောင်လာတာကို နိုဝင်ဘာ
၂၉ ရက်နေ့က တွေ့ရပါတယ်။

အဆိုပါလေယာဉ်ဟာ ဘရာဇီးဘောလုံးကလပ် ရှာပါကွင်းစ်အသင်းအပါအဝင် ခရီးသည် ၈၁ ဦးကို ဘိုလီဗီးယားနိုင်ငံကနေ တင်ဆောင်လာပြီး ဟိုဆေးမာရီယာ ကော်ဒိုဘာလေဆိပ်သို့ ချဉ်းကပ်ခဲ့စဉ် မက်ဒီလင်းအပြင်ဘက် တောင်တန်းဒေသမှာ ပျက်ကျခဲ့ပြီးနောက် ဘောလုံးသမား အလန် ရုရှယ်ဟာ ပထမဦးဆုံး မသေဘဲ ကျန်ရစ်သူဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

ရှာပါကွင်းစ်အသင်းဟာ တောင်အမေရိကဖလား (ကိုပါအမေရိကဖလား) ဗိုလ်လုပွဲ ပထမအကျော့ အဝေးကွင်းပွဲအဖြစ် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် ကစားဖို့ စီစဉ်ထားခဲ့ပါတယ်။

သတင်း - အီးပီအေ

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/20765


0 comments so far,add yours