-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=


မြိတ်မြို့ တလိုင်းစုရပ်ကွက် ဝက် တိုက် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း အောက်တိုဘာ ၂၅ ရက်က ကော်ရှူနေ သည့် အထက်တန်းကျောင်းသား ၆ ဦး ကို မိဘများထံ ခံဝန်လက်မှတ်ဖြင့် ပြန်အပ်ပေးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်ထံမှ သိရသည်။


ယင်းကျောင်းသား ၆ ဦးတို့မှာ ကိုးတန်းကျောင်းသားများဖြစ်ပြီး ကျောင်းဝတ်စုံဝတ်ထားလျက် ကော်ရှူ နေကြောင်း သိရသည်။ " ကျောင်းကို သွားအပ်ရင် ကျောင်း ထွက်ခံရမှာ စိုးတဲ့အတွက် မိဘတွေဆီပဲ ပြန်အပ်ပေးလိုက်တာပါ " ဟု အုပ်ချုပ် ရေးမှူး ဦးမင်းမင်းလှိုင်က ပြောသည်။


 

ကော်ရှုသူ အများစုတွင် အသက် ၁၈ နှစ်အောက် မူလတန်းမှ အထက် တန်းအထိကျောင်းသားများ၊ ၁၀ တန်း အပြင်ဖြေများနှင့်တက္ကသိုလ် ကျောင်း သားတစ်ချို့လည်း ပါဝင်ကြောင်း ရပ်^ကျေး အုပ်ချုပ်ရေးမှူး အသိုင်း အဝိုင်းမှ သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကလည်း ကော်ရှူနေသည့် ၅ ဦးပါ အဖွဲ့ တစ်ဖွဲ့ကို ဖမ်းမိခဲ့ပြီး ခံဝန်နှင့်ပြန်လွှတ် လိုက်ကြောင်း မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


 

" ကော်ရှူတာက ဥပဒေအရ အရေး ယူလို့မရဘူး ဖြစ်နေတယ်၊ အသက် မပြည့်တာလည်း ပါနေတာဆိုတော့ မိဘတွေဆီပဲ ပြန်အပ်ပေးနေရတယ် " ဟု ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။

မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေး မှူး ဦးတင်ဇော်ကမူ အရေးယူနိုင်သည့် ဥပဒေတစ်ခုရှိသင့်ပြီး ပြုပြင်ထိန်း သိမ်းရေး သင်တန်းကျောင်းပို့သည် မျိုးလည်းရှိသင့်သည်ဟု ပြောသည်။


 

ကော် ရှူ သည့် လူငယ်အများစုသည် လူသူ အသွားအလာနည်းသည့် ဘုန်း တော်ကြီးကျောင်းများအတွင်း အများဆုံး ပြုလုပ်လေ့ရှိကြကြောင်း ရပ် /ကျေး အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ သိရ သည်။

-----------------------

Dawei Watch

0 comments so far,add yours